ဘယ်အချိန်မှာကြားရမလဲ .. လမ်းခွဲစကား.. ဘယ် အချိန်မှာကြားရမလဲ နောင်တရနေပါပြီဆိုတဲ့ စကား ..
ငါ့ အပြင် မင်းစိတ်ထဲ မှနေရာ အကြီးကြီးယူထားတဲ့ အပြစ်ဆိုတဲ့ အတွေးတွေ .. ငါ .. ငါ့အတ္တကြောင့် ရော .. မင်းစိတ်ပင်ပန်းနေတာကို မကြည့်ရက်တာကြောင့်ရော .. ငါ အဲဒီအတွေးတွေကို မင်းဆီက နေမောင်းထုတ်ပေးချင်တယ် ... ငါ အတတ်နိုင်ဆုံးကြိုးစားတယ် .. မင်းက ရော အဲဒီအတွေးတွေ ပျောက်ပျက်သွားချင်စိတ်ရှိရဲ့လား .. ငါ.. ကြိုးစား မိတဲ့ အပြုအမူတွေကြောင့် ငါ့ကို မုန်းသွားမှာလား ....
တောင်းပန်ပါတယ် .. ချစ်သူကို စိတ်ရှုပ်အောင်ခေါင်းကိုက်အောင် ခဏခဏလုပ်မိတဲ့ အတွက် .....
Tuesday, May 18, 2010
တောင့်တသော စိတ်...
ချစ်သူရယ်.... မလိမ်မညာပဲပြောရရင်တော့ မင်းရဲ့ သစ်ရွက်လှုပ်ရင်ရင်ခုန်တတ်တဲ့အရွယ်ကခံစားချက်မျိုးနဲ့ ငါ့ကိုဆက်ဆံတာကိုတိတ်တခိုးမျှော်လင့်မိတယ်ဆိုတာမငြင်းပါဘူး... တစ်ခြားသူတော်တော်များ များက ဒီလိုအရာ တွေကို ရခဲ့ ပြီး ငါက မရခဲ့ဘူး လေ.. မင်းမှာ အဲဒီလိုအရာ တွေမကျန်တော့ လောက် အောင်ကို မင်းဆီက နေ တခြားသူက ယူသွားခဲ့ပြီးပြီ ဆိုတာကို ငါသိပါတယ် .. ငါ့အတွက် တည်ငြိမ်တဲ့ အေးဆေးတဲ့ ဘ၀ အတွက် ဆိုတဲ့ အတွေး .. သင့်တော်၏ မသင့်တော်၏ ဆိုတာတွေ နဲ့ဖွဲ့ စည်းထားတဲ့ အချစ်ပဲ ကျန်တော့ တယ် ဆိုတာကို လည်း ငါသိပါတယ် .. ဒါပေမဲ့ ချစ်သူရယ် .. ငါလည်း တစ်ခြားသူတွေလိုပဲ မင်းဆီက နေ စိုးရိမ်တာတွေ သ၀န်တိုတာတွေ .. စိတ်ကောက်တာတွေ ... မတွေ့ ရလို့ အစားတောင် မစားသေးပဲ စောင့် နေတာ တွေ ... တွေ့လိုက်တာ နဲ့ အားလုံကို မေ့ပြီး .. ပျော်ရွှင်သွားတာတွေ .. ပူလောင် မှု ပါတဲ့ အချစ်တွေကို
လိုချင်မိတာ အပြစ်လား ... မရနိုင်ဘူးဆိုတာကို သေသေ ချာချာသိပါတယ် ဒါပေမဲ့ ... ချစ်သူရယ် တိတ်တိတ်လေးတော့ မျှော် လင့်နေပါရစေ ... ..... ..... .... ... ... ..
လိုချင်မိတာ အပြစ်လား ... မရနိုင်ဘူးဆိုတာကို သေသေ ချာချာသိပါတယ် ဒါပေမဲ့ ... ချစ်သူရယ် တိတ်တိတ်လေးတော့ မျှော် လင့်နေပါရစေ ... ..... ..... .... ... ... ..
ကျွန်တော့ ရဲ့ တိတ်တခိုးစိတ်ကူးတွေ...
ချစ်သူ မုန်းသူအားလုံးကို ဖွင့် မပြောရဲခဲ့ တဲ့ ကျွန်တော့ရဲ့စိတ်ခံစားမှုများ..
Subscribe to:
Posts (Atom)